fbpx

PRESS RELEASE

တိရိစ္ဆာန်အစားအစာနှင့် ကျန်းမာရေးအတွက်အ ပြည့်အဝ ဖြေရှင်းနည်းတို့ကို၂၀၂၀ ခုနှစ်၊ မတ်လတွင်စ တင်အသုံးပြုနိုင်မည်

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပမည့် တရားဝင် သတင်းစာရှင်းလင်းပွဲ

VICTAm နှင့် Animal Health and Nutrition Asia 2020 တို့ကို VICTAM နှင့် VIV တို့ကဲ့သို့သော ပြပွဲကျင်းပသူတို့ ကျွမ်းကျင်မှုရှိသည့် နယ်ပယ်တစ်ခုအတွင်း အကျိုးတူပူးပေါင်းလုပ်ငန်းတစ်ခုအဖြစ် ပေါင်းစည်းဖွင့်လှစ်ပေးခြင်းဖြင့် အာရှတွင် တစ်မူထူးခြားသည့် လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ကမ္ဘာတစ်လွှားတွင် ယခုနှစ် နွေရာသီအတွင်း အမည်ရလာခဲ့ပါသည်။

တိရိစ္ဆာန်စာ ထုတ်လုပ်ခြင်း၊ ထိုအစားအစာဆိုင်ရာ နည်းပညာနှင့် ပြုပြင်ပြောင်းလဲခြင်းတို့မှသည် ထိုတိရိစ္ဆာန်စာပါ ပစ္စည်းများ၊ပေါင်းထည့်ပစ္စည်းများ၊ တိရိစ္ဆာန်ကျန်းမာရေးနှင့် တိရိစ္ဆာန်ထွက် ပရိုတိန်းထုတ်လုပ်ရာတွင် ပါဝင်သည့် ဆေးဝါးများအထိနယ်ပယ်မျိုးစံအတွက် အပြည့်အဝဖြေရှင်းပေးနိုင်သော နည်းလမ်းတစ်ခုကို ပြသပေးမည့် VICTAM နှင့် Animal Health and Nutrition Asia 2020 သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ BITEC ၏ ၁၇,၈၀ဝ စတုရန်းမီတာအကျယ်နေရာတွင် လာရောက်ပြသသူ ၄၀ဝ ကျော်ဖြင့် မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည် ဖြစ်ပါသည်။

VICTAM နှင့် Animal Health and Nutrition Asia ၏ ပြခန်းသုံးခုမှ တစ်ခုတွင် ပါဝင်ပြသသူများ အနေဖြင့် ကမ္ဘာတစ်လွှားတွင်ဖွံ့ဖြိုးမှု အမြန်ဆုံးသော ဈေးကွက်ဖြစ်သည့် အာရှဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီ CEO များ၊ တိရိစ္ဆာန်အစာ ဖော်မြူလာထုတ်သူများ၊ အစာစက် မန်နေဂျာများ၊ အာဟာရပညာရှင်များ၊ လုပ်ငန်းဒါရိုက်တာများ၊ ပစ္စည်းသယ်ယူရေးဆိုင်ရာမန်နေဂျာများ၊ တိရိစ္ဆာန်ဆေးကု ဆရာဝန်များ၊ ပညာရှင်များအပါအဝင် နယ်ပယ်တွင်းမှ လာရောက်သူ ၉,ဝ၀ဝ ကျော်နှင့်လည်းထိတွေ့နိုင်မည် ဖြစ်ပါသည်။

 “VICTAM နှင့် VIV တို့မှ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းနယ်ပယ်များအတွင်း ဈေးကွက်လှုပ်ရှားမှုနှင့် အကျိုးတူပူးပေါင်းဈေးကွက်မြှင့်တင်ရေး လှုံ့ဆော်မှုတို့မှတစ်ဆင့် ပစ္စည်းပြသသူများအနေဖြင့် အာရှမှ တိရိစ္ဆာန် အစားအစာနှင့် တိရိစ္ဆာန်ကျန်းမာရေးဆိုင်ရာ အပြည့်စုံဆုံးသော ကွန်ရက်တစ်ခုဖြစ်ပြီး လုပ်ငန်းစံနှုန်းများနှင့်လည်း အပြည့်အဝဖြစ်သည့် ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်” ဟု VNU Exhibitions Asia Pacific မှ စိုက်ပျိုးမွေးမြူရေးနှင့် လုပ်ငန်းဆိုင်ရာ အကြီးအကဲဖြစ်သူ Ms. Panadda Kongma မှ ဆိုပါသည်။

မြန်မာနိုင်ငံသည် အာစီယံဒေသဝင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံလာနိုင်သူများနှင့် ထိပ်တန်း ဝယ်ယူသူများအပြင်ပစ္စည်းထောက်ပံ့သူများ အပိုင်းမှ ကြည့်လျှင်လည်း ဤပြပွဲအနေဖြင့် အဓိကအာရုံစိုက်ရမည့် ဈေးကွက်တစ်ခု ဖြစ်ပါသည်။ ရန်ကုန်ရှိ Myanmar Expo Hall တွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့သည့် VICTAM နှင့် Animal Health and Nutrition Asia 2020 ပြပွဲစတင်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲနှင့် အရောင်းမြှင့်တင်ပွဲတို့အတွက် တိရိစ္ဆာန်ကျန်းမာရေးနှင့် တိရိစ္ဆာန်ရောဂါ ကာကွယ်ရေးတို့၏ အရေးကြီးပုံကို ဟောပြော ဆွေးနွေးရန်အတွက် ကျွမ်းကျင်သူများအနေဖြင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ဒေါက်တာမြဟန်နှင့် နေပြည်တော်ရှိ ရေဆင်း မွေးမြူရေးနှင့် ဆေးတက္ကသိုလ်ပါမောက္ခဒေါက်တာ ရဲထွဋ်အောင်တို့ကို ဖိတ်ခေါ်ထားပါသည်။

မွေးမြူရေးလုပ်ငန်း ဈေးကွက်အခြေအနေနှင့် ရှေ့လျှောက်ဖြစ်လာနိုင်သည့် အနေအထားများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့်မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ဒေါက်တာမြဟန်မှ “စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးသည် မြန်မာနိုင်ငံစီးပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းသည် ပြည်သူများအတွက်အရည်အသွေး သင့်တင့်သည့် ပရိုတိန်းဓါတ်တို့ဖြင့် ထောက်ပံ့ပေးနိုင်ရန့် အစားအစာနှင့် ပတ်သက်၍ ဘေးကင်းစေရန်၊အစားအစာလုံခြုံရေးအတွက် အလွန်အရေးကြီး လာပါသည်။ VICTAM နှင့် Animal Health and Nutrition Asia 2020 သည်မြန်မာနိုင်ငံမှ အရေးပါအရာရောက်သူများအတွက် အသိပညာများ မျှဝေပေးရန်အတွက် မှန်ကန်သော လုပ်ငန်းအခြေခံဘောင်တစ်ခုဖြင့် ပံ့ပိုးပေးနိုင်မည့်ဟု ယုံကြည်ပါသည်။ ဤပြပွဲသည် မြန်မာနိုင်ငံ မွေးမြူရေးကဏ္ဍ၏ ကုန်ထုတ်စွမ်းအား၊ အမြတ်ရရှိမှုနှင့် ရေရှည်တည်မြဲမှုတို့ကို အားပေးနိုင်မည်လည်း ဖြစ်ပါသည်” ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၊ ရေဆင်း မွေးမြူရေးနှင့် ဆေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင်မှ တိရိစ္ဆာန်ကျန်းမာရေးအပေါ် စောင့်ကြည့်ခြင်းနှင့် တိရိစ္ဆာန်ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးခြင်းတို့၏ အရေးကြီးပုံနှင့်ပတ်သက်ပြီး ဆွေးနွေးပေးခဲ့ပါသည်။“မြန်မာနိုင်ငံတွင်း မွေးမြူရေးလုပ်ငန်း၏ လက်ရှိအခြေအနေများနှင့် ရှေ့လျှောက်အနေအထားတို့ကို လူဦးရေ တိုးပွားခြင်း၊ဝင်ငွေတိုးလာခြင်းနှင့် အနည်းဆုံး လာမည့်ဆယ်စုနှစ် သုံးစုအထိ ဆက်လက်ဖြစ်နေမည့် မြို့ပြချဲ့ထွင်ခြင်းတို့ကြောင့် အဓိကဖြစ်ရသည့် မွေးမြူရေးထွက်ကုန်များအပေါ် ဈေးကွက်တောင်းဆိုမှု ပိုများလာခြင်းအပေါ် မူတည်နေပါသည်။ မွေးမြူသည့် မျိုးကွဲမျိုးစိတ်များသည် ကျေးလက်ဒေသများအတွက် စီးပွားရေးနှင့် လူမှု-စီးပွားရေးတို့တွင် အရေးကြီးသည့် အခန်းကဏ္ဍများမှ ပါဝင်နေပါသည်။ ရောဂါများသည် တိရိစ္ဆာန်မွေးမြူရေးအတွက် အဓိအတားအဆီးများမှ တစ်ခုဖြစ်ပါသည်။ ၎င်းတို့သည် မည်သည့်အစာကျွေးနည်း၊ စီမံနည်းအတွက်မဆို တိရိစ္ဆာန်များမှ ရရှိနိုင်သည့် အထွက်နှုန်းကို လျော့ကျစေနိုင်ပါသည်။ တိရိစ္ဆာန်ရောဂါတို့၏ သက်ရောက်မှုမှာ ထုတ်ကုန်စွမ်းအား လျော့ကျခြင်းနှင့် ဈေးကွက်သို့ ဝင်ရောက်နိုင်မှု လျော့ကျခြင်းမှသည် တိရိစ္ဆာန်တစ်အုပ်လုံး သေကျေပျက်စီး၍ ဇီဝမျိုးကွဲစုံလင်မှုနှင့် အဖိုးတန်သော မျိုးရိုးဗီဇရင်းမြစ်များ ဆုံးရှုံးမှုအထိ ဖြစ်လာနိုင်ပါသည်။” အချုပ်ဆိုရသော် ဒေါက်တာရဲထွဋ်အောင်မှ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်း အောင်မြင်ရေးနှင့် အနာဂတ်တည်မြဲရေးအတွက် မရှိမဖြစ်အရေးပါသည့် ကဏ္ဍလေးခုအနေဖြင့် ရောဂါရှာဖွေသိရှိခြင်း၊ ကာကွယ်ခြင်း၊ တိုးတက်ခြင်းနှင့် မွေးမြူရေးကဏ္ဍ ရေရှည်တည်မြဲခြင်းဟူသော အချက်လေးချက်ကို ရွေးချယ်ခဲ့ပါသည်။ “တိရိစ္ဆာန်များကို ကာကွယ်ခြင်းဖြင့် အနာဂတ်ကို ထိန်းသိမ်းနိုင်ပါသည်” ဟု ဆိုပါသည်။ “VICTAM နှင့် Animal Health and Nutrition Asia 2020 သည် မြန်မာနိုင်ငံနှင့် အခြားအာရှဈေးကွက်များအတွက် တိရိစ္ဆာန်ကျန်းမာရေးနှင့် ပတ်သက်၍ လုပ်ဆောင်နည်းသစ်များ ရှာဖွေပေးနိုင်မည့် ပြပွဲတစ်ခု ဖြစ်လာနိုင်ပါသည်။”

 “တိရိစ္ဆာန်အစာ၊ ဆေးဝါဒနှင့် မျိုးရိုးဗီဇ နယ်ပယ်များတွင် ဆန်းသစ်တီထွင်မှုများ အလျှင်အမြန် တိုးပွားလျက်ရှိပါသည်။ လတိုင်းဆိုသလို တီထွင်ဆန်းသစ်မှု အသစ်များဖြင့် မိတ်ဆက်ပေးလျက် ရှိပါသည်။ ဤပွဲတွင် နောက်ဆုံးပေါ် နည်းပညာများနှင့်ပတ်သက်၍ ရောင်းရန်၊ ဝယ်ရန်နှင့် နောက်ဆုံးရ သတင်းများနှင့် အမှီလိုက်နိုင်ရန်အတွက် အခွင့်အလမ်းတို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။ ၎င်း၏မျက်နှာခြင်းဆိုင် လုပ်ဆောင်သည့် face-2-face စနစ်သည် VICTAM နှင့် VIV တို့၏ B2B ပွဲစီစဉ်သူများမှ ပံ့ပိုးပေးမည့် တိုက်ရိုက်ဆက်သွယ်ခြင်းနှင့် လာရောက်ပြသသူများ အားလုံးမှ အသုံးပြုနိုင်သည့် မီဒီယာများမှတစ်ဆင့် ဖြေရှင်းနည်းအသစ်များ ပျံ့နှံ့မှုကို တိုးမြှင့်ရန်နှင့် အထောက်အပံ့ပေးရန် အရေးပါသည့် ကဏ္ဍတစ်ခုမှ ပါဝင်နေပါသည်” ဟု Ms.Panadda Kongma မှ အဆုံးသတ်ပြောကြားခဲ့ပါသည်။

Victam Corporation ၏ အထွေထွေ မန်နေဂျာဖြစ်သော Mr. Sebas van den Ende မှ ထပ်လောင်းပြောကြားသည်မှာ“VICTAM and Animal Health and Nutrition Asia သည် ကုမ္ပဏီများအတွက် ၎င်းတို့၏ နည်းပညာနယ်ပယ်၊ ပါဝင်ပစ္စည်းများအပြင် နောက်ဆုံးပေါ်ဆေးဝါးများ၊ မျိုးရိုးဗီဇနှင့် နည်းပညာမြင့် တိရိစ္ဆာန်ကျန်းမာရေး အဖြေရှာဖွေခြင်းများသာမက တိရိစ္ဆာန်အတွက် အစားအစာထုတ်ကုန်များဆိုင်ရာ ထုတ်ကုန်အသစ်များ သို့မဟုတ် ဝန်ဆောင်မှုအသစ်များကို ပြသပေးနိုင်သည့်ပလက်ဖောင်းဖြစ်ပါသည်။ ဤပွဲကျင်းပခြင်းဖြင့် လုပ်ငန်းနယ်ပယ်၏ နောက်ဆုံးပေါ် လုပ်ငန်းချိတ်ဆက်မှုနှင့် လေ့လာမှုတို့နှင့်ပတ်သက်၍ အားလုံးကို ခြုံငုံမိစေပါသည်။”

ဤပွဲတွင် မြန်မာနိုင်ငံနှင့် အခြားအဓိက ဈေးကွက်များမှ ဝယ်ယူနိုင်ခြေရှိသူများအတွက် သီးသန့်အစီအစဉ်တစ်ခုနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို “ဈေးကွက်ဦးဆောင်သူများ အစီအစဉ် (Industry Leaders Program)” တွင် လုပ်ငန်းတွင်း ထိပ်တန်းဝယ်ယူသူ၁၅၀ အား ဤပြပွဲအား အထူးဧည့်သည်များအနေဖြင့် တက်ရောက်နိုင်ရန်နှင့် ပါဝင်တက်ရောက်သည့်အတွက် ထပ်တိုးခံစားခွင့်များကို ခံစားနိုင်စေရန် အခွင့်အရေးပေးလျက် ရှိပါသည်။

VICTAM နှင့် VIV တို့မှ ကျင်းပသည့် VICTAM နှင့် Animal Health and Nutrition Asia 2020 သည် ၃ ရက်ကျင်းပမည့်ကုန်စည်ပြပွဲနှင့် ဟောပြောဆွေးနွေးသူ ၁၀ဝ ကျော် ပါဝင်မည့် စုဝေးဆွေးနွေးပွဲတစ်ခု ဖြစ်ပါသည်။ ပွဲစီစဉ်သူများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC တွင် မတ်လ ၂၄ ရက်မှ ၂၆ ရက်အတွင်း တိရိစ္ဆာန်အစာနှင့် ကျန်းမာရေးလုပ်ငန်းများကို လက်ကမ်းကြိုဆိုနေမည် ဖြစ်ပါသည်။ ပြပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်များဖြစ်သည် https://www.victamasia.com/ နှင့် https://www.vivhealthandnutrition.nl/.

 

Download the article in English >
ဆောင်းပါးကိုမြန်မာဘာသာဖြင့်ကူးယူပါ >

ဆက်သွယ်ရန်
ထပ်မံသိရှိလိုသည်များ ရှိပါက

Ms Elena Geremia, elena.geremia@vnuexhibitions.com (VIV, Global branding)
Ms Saengtip Techapatiphandee, saengtip@vnuexhibitionsap.com (VIV, Asia and Thailand)
Ms Catelijne de Gooijer, catelijnedegooijer@victam.com (VICTAM, Global)

[ff id=”1″]